Thursday, March 16, 2023

 ဒီနေ့ အကို ဝမ်းကွဲရဲ့ ဇနီးဆုံးတယ် မနှစ်က အမေ ၊ ရှေ့က ကြီးကြီး ၊ ဘကြီး၊ ဒေါ်လေး ၊ ဦးလေး ဘေးနားက လူတွေ တဖြည်းဖြည်းပျောက်ကုန်ပြီ။

ကိုဗစ်မတိုင်ခင်က ဒေါ်လာသောင်းချီရတဲ့ အလုပ်က ကိုဗစ်မှာ တောင့်ခံနိုင်ပေမယ့် ၊ အာဏာသိမ်းပြီးရော နည်းနည်းလေးပဲကျန်တော့တယ်။ စုထားသမျှကို ဝန်ထမ်းတွေနဲ့ ရသလောက်တောင့်ခံခဲ့တယ်။ ကိုယ်လွှတ်မရုံးခဲဘူး။
ကိုယ်အတိုင်းအတာတခုအထိရောက်ပြီးသား ကန်ထရိုက်တွေကိုလည်း morale reason အရ ထားခဲ့လိုက်ပြီ။
ရိုးသားစွာ အသက်ရှင်နေထိုင်တယ်။ ဘယ်သူ့ကိုမှ ကွက်ကျော်မရိုက်ခဲ့သလို ၊ မယုတ်မာခဲ့ဘူး ။ အကြွေးလည်း အကုန်ရတာနဲ့ဆပ်ခဲ့တယ်။
ကိုယ်ရှိတုန်းကလည်း လူတွေ အများကြီးကို freelance လိုမျိုး အလုပ်အများကြီးပေးခဲ့တယ်။ လူ ၄၀ မကနဲ့ သူတို့မှီခိုတဲ့ မိသားစုတွေကို အကျိုးပြုနိုင်ခဲ့တယ်။
ကိုဗစ်တုန်းကလည်း ရောဂါတန်းလန်းနဲ့ နိုင်သလောက်ကို မိတ်ဆွေတွေနဲ့ ပေါင်းပြီး ရသလောက်ဆယ်ခဲ့တယ်။
တိုင်းပြည်က အခြေအနေဆိုးလာတော့ လှူတာတွေစုပြီး၊ ရသလောက်စာသင်ပေး ၊​ရသလောက်ဆွဲထုတ်ပေးခဲ့တယ်။
အခုလည်း အရမ်းသက်သာနဲ့စျေးနဲ့ တိုင်းပြည်ကကလေးတွေကို စာသင်ပေးပါဦးမယ်။
လူဆိုတာ ကိုယ်သမိုင်း ကိုယ်ရေးရတာပဲ ၊ ကျတော့်သမိုင်းမှာတော့ လူများရဲ့ မျက်ရည်နဲ့ ရှာခဲ့တဲ့ ပိုက်ဆံ တပြားမှမပါခဲ့ဘူး။
ထိုင်းကတော့ မြန်မာထက် စီးပွာရေးမားကတ်ပိုကြီးတော့ ပိုအဆင်ပြေမယ်ထင်တာပါပဲ။
သမိုင်းအသစ်ကို နေရာအသစ်မှာ ဆက်ရေးပါဦးမယ်။ မိတ်ဆွေတို့လည်းဂရုစိုက်ကြပါ။ ဖိုက်တင်း



No comments:

Post a Comment